Tuesday, July 24, 2012

အစပြုခြင်း

မောင်အိုင်တီ တစ်ယောက် Online ပေါ် စရောက်ခါစက သတင်း(အတင်း)တွေဖတ်တိုင်း မချင့်မရဲနဲ့ သက် မ/သက်ထီး/သက်ပြင်းတွေချရတာလဲ ခဏခဏပေါ့ဗျာ...ဖတ်ရတဲ့သတင်းတွေကလဲ စုံတာကိုး....အဲသလို နဲ့ အချိန်တွေ ကြာ လာလေ...ဖတ်ရတာတွေများလာလေဆိုတော့ လူကနေချင်ပေမယ့် ဗီဇ ကပြလာတယ် ခင်ဗျ... ၀င်ပြီးရေး ချင်လာတယ်....အဲဒီတော့ ကိုယ့်လဲ ဘယ်သူမှမသိ...ကိုယ်က သိတဲ့သူတွေတော့ တယ်ပေါ (ဟဲ...ဟဲ.. ဆိုဒ်တော်တော်များများဆီကရှယ်ကူးထားတာကိုး)ဒါနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး မိတ်ဆက်ရသေး တာပ....
စပြောရမှာကတော့ နာမည်ပေါ့ဗျာ ... ကြီးကြီး ကျယ်ကျယ် မောင်အိုင်တီ ဆိုတော့ကာ Information Technology ကိုယ်စားပြုတယ် မထင်လိုက်ကြပါနဲ့...အိုင်ထဲက တီကောင်ကို ကိုယ်စားပြုတာပါ ... ရှင်းဦး အံ့...တီကောင်များ မြေကြီးပေါ်မှာဆို သိပ်မလှုပ်ချင်ဘူးလေ...အဲ..ရေထဲကျတော့ သွက်သွက် ခါအောင် စပ်ဆော့ သကိုး....ဟုတ်ကဲ့...အဲဒီလို သညာစွဲပြီး(လွဲချင်လဲ လွဲနေမှာပေါ့ဗျာ... သညာက မွေး တည်းက မကောင်းတာကိုး ..:D)မောင်အိုင်တီ (သို့) အိုင်ထဲက တီကောင် လို့မှည့်လိုက်ပါတယ်...
ဘာကြောင့်လဲဆိုတော့ကာ မောင်အိုင်တီတစ်ယောက် ဒီလောကထဲရောက်လာတာ ဘာတတ် လို့လဲမမေး နဲ့...ဟဲ..ဟဲ... ဘာမှ မတတ်ဘူး...ပြောထားတဲ့အတိုင်း မနေနိုင်မထိုင်နိုင် စပ်ဆော့ချင်လို့ ကို ရောက်လာ တာ...အွန်လိုင်း ကိုကို/မမများလဲ တယ်စွမ်းသကိုး...ဒီလောက် ပျင်းတဲ့ကောင်တောင် စိတ်ပါလာအောင် လုပ်တော့ မောင်အိုင်တီတစ်ယောက် ရှုပ်စရာတစ်ခု ပေါ်လာတာပေါ့ဗျာ...

ဟုတ်ကဲ့....ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီးတော့ နောက် ပိုစ့် တွေ ဆက်ရှုပ်ပါတော့မယ်....အမြင်မတော် တာတွေ့ ရင် ဆုံးမကြပါ...မဟတ်ကြပါနဲ့...ဟတ်လဲ နောက်တစ်ခု ထပ်ဖွင့်ပြီးရေးပါ့မယ်(အသစ်ဖွင့်ရမှာပေါ့..ဘာမှ ပြန်မလုပ်တတ်တာ ကိုး).... Free ရတာကြီးနဲ့သုံးနေတာလေ....:)

No comments:

Post a Comment

တစ်ခုခု ရေးပေးခဲ့ပါလားဗျာ...